♫♫♫♫♫♫♫♫♫
ကျွန်တော်တို့မိတ်ဆွေ တစ်ယောက်က လူသူရှင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူကြုံခဲ့ရ တဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြသည်။
နေ၀င်ဆည်းဆာအချိန် ကမ်းခြေမှာသူတစ်ယောက်တည်း လျှောက်သွားရင်းက ဟိုအဝေးဆီမှာ လူတစ် ယောက်လှမ်းမြင်ရသည်။ နည်းနည်းနီးလာတော့ ဒေသခံတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည်။ သည်လူက ကမ်းခြေသောင်စပ်မှာကုန်းကုန
ယ်ရေထဲလွှင့် ပစ်သည်။ သည့်နောက် အဲလိုပဲ နည်းနည်းသွားလိုက် တစ်ခုခုတွေ့လျှင် ကောက်ယူလိုက်လွှင့်ပစ်လိုက် လုပ်နေသည်။
ကျွန်တော်တို့မိတ်ဆွေ သူ့အနားရောက်သွားပြီး သေသေချာချာကြည့်လိုက်တော့ လှိုင်းနှင့်ပါလာပြီး သဲ သောင်ပြင်ပေါ်တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲပြန်ပစ်ထည့်ပေးနေခြင်း ဖြစ်ကြောင်း သိလိုက်ရ သည်။
သည်လူဘာရည်ရွယ်ချက်နဲ့ လုပ်နေသလဲ ကျွန်တော်တို့ မိတ်ဆွေ စဉ်းစားမရဖြစ်သွားသည်။ သို့နှင့် သူကို နှုတ်ဆက်ပြီး တည့်တည့်ပဲမေးကြည့်သည်။ "မသိလို့မေးပါရစေဗျာ၊ မိတ်ဆွေ ဘာလုပ်နေတာပါလိမ့်"
"ကြယ်ငါးတွေ သမုဒ္ဒရာထဲပြန်ပို့ပေးနေတာလေ
"ဟုတ်ကဲ့၊ အဲဒါတော့ ကျွန်တော်လဲ သဘောပေါက်ပါတယ်" ကျွန်တော်တို့ မိတ်ဆွေကဆိုသည်။ "ဒါပေမဲ့ ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေထောင်ချီပြီး ရှိနေမှာပေါ့ဗျာ၊ အဲဒီကောင်တွေအကုန်လုံး ခင်ဗျား ဘယ်လိုလိုက်ကောက်မလဲ၊ တစ်ယောက်တည်း မနိုင်နိုင်ဘူးလေဗျာ၊ ပြီးတော့ စဉ်းစားကြည့်၊ ဒီကမ်းရိုးတန်း တစ်လျှောက်လုံးဆိုရင် ခုလို သဲသောင်ပြင်ပေါင်း ရာချီရှိနေမှာပေါ့၊ ဒီသောင်စပ်တိုင်းမှာရှိပေမဲ
ဒေသခံပုဂ္ဂိုလ်ကပြုံးသည်။ နောက်ထပ်ကြယ်ငါးတစ်ကောင် ကောက်တယ်။ ထို့နောက် "တခြားကောင် တွေအတွက်မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက်တော့ ထူးခြားသွားတာပေါ့ဗျာ" ဟုဆိုကာ ပင်လယ်ရေထဲ လှမ်းပြစ်လိုက်လေသည်။
[မူရင်း။ ။ Jack Canfield နှင့် Mark V.Hansen တို့၏ One At A Time]
No comments:
Post a Comment