Friday, November 2, 2012

အိမ်မြောင်တစ်ကောင်ရဲ့ပုံပြင် (ရသ)


အိမ်မြှောင်လေး တစ်ကောင်တောင်မှ လုပ်နိုင်ရင် ဒို့တွေ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ"
☼☼☼☼☼☼☼☼☼☼☼☼☼☼☼☼☼☼☼☼☼☼
ဒီပုံပြင်လေးကတော့ ဂျပန်မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။

ဂျပန်မှာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးစာ အိမ်အဟောင်းကို ပြုပြင်ဖို့ နံရံကို ချိုးဖျက်ခဲ့တယ်။ ဂျပန်အိမ်တွေမှာ သစ်သားနံရံတွေကြား အခေါင်းပေါက်နေရာလပ်တစ်ခုရှိတယ်


သူဟာနံရံကိုဖြိုချတဲ့အခါ ညပ်နေတဲ့ အိမ်မြှောင်တစ်ကောင်ကို မြင်ခဲ့တယ်။ အပြင်က သံတစ်ချောင်းက အဲဒီအိမ်မြှောင်ရဲ့ ခြေတစ်ဖက်ကို ဖောက်ရိုက်ထားတာ သူတွေ့ခဲ့တယ်။ သူဟာ အိမ်မြှောင်လေးအပေါ်သနားစိတ်ဝင်ခဲ့တယ် ။ တစ်ချိန်ထဲမှာလည်း ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို သိချင်လို့ သံချောင်းလေးကိုစစ်ဆေးလိုက်တဲ့အခါ သံချောင်းလေးရဲ့သက်တမ်းဟာ ပထမဆုံး အိမ်ဆောက်တဲ့ အချိန်နဲ့တွက်ကြည့်ရင် (၂ ) နှစ်လောက်ရှိနေတာကို တွေ့ရှိခဲ့ရတယ်။
ဘယ်လိုဖြစ်ရတာလဲ......။

အိမ်မြှောင်လေးဟာ တစ်နေရာထဲမှာပဲ ( ၂ ) နှစ်ကြာ အသက်ရှင်ခဲ့တယ်။ မှောင်ပြီး ခွဲကန့်ထားတဲ့နံရံမှာ ( ၂ ) နှစ်ကြာမရွေ့လျားဘဲ ရှိနေတဲ့အတွက် သူဟာ စိတ်ထဲမှာ မဖြစ်နိုင်သလို ခံစားရပြီး အံ့သြသင့်မှုတွေနဲ့ တုန်လှုပ်သွားခဲ့တယ်။ ပြီးတော့ ခြေထောက်မှာ သံရိုက်ခံရလို့ ခြေလှမ်းတစ်လှမ်းမှ မရွေ့လျားဘဲ ( ၂ ) နှစ်ကြာ အသက်ရှင်နေတဲ့ ဒီအိမ်မြှောင်ကို သူအရမ်းအရမ်းအံ့သြမိတယ်။ ဒါကြောင့် သူ့အလုပ်ကိုရပ်ပြီး အိမ်မြှောင်ကလေး ဘာတွေလုပ်ပြီး ဘယ်လိုစားခဲ့လဲဆိုတာ့ လေ့လာကြည့်ခဲ့တယ်။

ဒီလိုနဲ့ သူ့စိတ်ထဲဖြစ်နေတဲ့ ခံစားချက်အတွက် အဖြေဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒါတော့ အခြား အိမ်မြှောင်လေးတစ်ကောင်က အစာတွေကို ပါးစပ်ထဲမှာ ထည့်ပြီး ဒုက္ခိတအိမ်မြှောင်လေးကို လာကျွေးနေလို့ပါပဲ။ အဲဒီမြင်ကွင်းကို သူမြင်ရတဲ့အခါ အသက်ရှူမှားလောက်အောင် ဖြစ်ပြီး အ၇မ်းခံစားခဲ့ရတယ်။

( ၂ ) နှစ်ကြာ မမောမပန်း ၊မျှော်လင့်ချက်မစွန့်ဘဲ အဖော် အိမ်မြှောင်လေးကို ပြုစုခဲ့တဲ့ အိမ်မြှောင်လေးကို စဉ်းစားကြည့်ပါ။ မင်းလည်း မင်းရဲ့အဖော် ( သူငယ်ချင်း ၊ မိဘ ၊ မောင်နှမ ၊ ဆွေမျိုး ၊ အတူလက်တွဲလုပ်ဆောင်ရတဲ့သူ ) တွေအပေါ်မှာ အိမ်မြှောင်လေးလို ပြုစုပေးမှာလား......။
အထူးသဖြင့် ( ၉ ) လတိုင်တိုင်ကြီးမားတဲ့ ၀န်ထုပ်ကို လွယ်ပြီး မင်းကိုလူဖြစ်အောင် ဒီလောကထဲယူဆောင်ပေးခဲ့တဲ့ မင်းရဲ့အမေကို ဒီလိုပြုစုပေးမှာလား..............။

သေးငယ်တဲ့တိရစ္ဆာန်လေးတောင်မှ ဒုက္ခရောက်နေတဲ့ အဖော်ကို ဒီလိုပြုစုတတ်ရင်.....အရမ်းထက်မြက် ကျွမ်းကျင်ပြီး ပါရမီတွေထူးတဲ့ လူသားတွေအနေနဲ့ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ..........
ကျေးဇူးပြုပြီး မင်းချစ်ရတဲ့သူတွေကို ဘယ်တော့မှ စွန့်ပစ်မထားပါနဲ့။ မင်းရဲ့အကူအညီကို အမှန်တကယ်လိုလားနေတဲ့သူကို ....အလုပ်များတယ်.....လို့မပြောပါနဲ့။
နှလုံးသားကို အသုံးပြုပြီး အသက်ရှင်ပါ။ ဦးနှောက်ကို အသုံးပြုပြီး အသက်ဆက်ပါ။ ဒါဆိုရင် မင်းရဲ့ဘ၀ဟာ ကောင်းကင်သုခ ဖြစ်လာပါလိမ့်မယ်။ 
facebook မှကူးယူဖော်ပြသည်။

တစ်ကြိမ်မှာတစ်ခု

တစ်ကြိမ်မှာတစ်ခု
♫♫♫♫♫♫♫♫♫
ကျွန်တော်တို့မိတ်ဆွေ တစ်ယောက်က လူသူရှင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူကြုံခဲ့ရ တဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြသည်။
နေ၀င်ဆည်းဆာအချိန် ကမ်းခြေမှာသူတစ်ယောက်တည်း လျှောက်သွားရင်းက ဟိုအဝေးဆီမှာ လူတစ် ယောက်လှမ်းမြင်ရသည်။ နည်းနည်းနီးလာတော့ ဒေသခံတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည်။ သည်လူက ကမ်းခြေသောင်စပ်မှာကုန်းကုန်း ကုန်းကုန်းနှင့် သွားနေရာက တစ်စုံတစ်ရာကိုငုံ့ကောက်ကာ ပင်လ

ယ်ရေထဲလွှင့် ပစ်သည်။ သည့်နောက် အဲလိုပဲ နည်းနည်းသွားလိုက် တစ်ခုခုတွေ့လျှင် ကောက်ယူလိုက်လွှင့်ပစ်လိုက် လုပ်နေသည်။
ကျွန်တော်တို့မိတ်ဆွေ သူ့အနားရောက်သွားပြီး သေသေချာချာကြည့်လိုက်တော့ လှိုင်းနှင့်ပါလာပြီး သဲ သောင်ပြင်ပေါ်တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲပြန်ပစ်ထည့်ပေးနေခြင်း ဖြစ်ကြောင်း သိလိုက်ရ သည်။
သည်လူဘာရည်ရွယ်ချက်နဲ့ လုပ်နေသလဲ ကျွန်တော်တို့ မိတ်ဆွေ စဉ်းစားမရဖြစ်သွားသည်။ သို့နှင့် သူကို နှုတ်ဆက်ပြီး တည့်တည့်ပဲမေးကြည့်သည်။ "မသိလို့မေးပါရစေဗျာ၊ မိတ်ဆွေ ဘာလုပ်နေတာပါလိမ့်"
"ကြယ်ငါးတွေ သမုဒ္ဒရာထဲပြန်ပို့ပေးနေတာလေ၊ ခင်ဗျား မြင်တဲ့အတိုင်းပဲ၊ အခု ဒီရေကျချိန် သောင်ပြင် ပေါ်မှာတင်ကျန်ခဲ့တဲ့ကောင်တွေဟာ ရေတက်တဲ့အချိန်ရောက်အောင် အကြာကြီးစောင့်ရမှာ၊ ဒါပေမဲ့ အဲဒီလောက် ကြာရင် အောက်ဆီဂျင်ပြတ်ပြီး သေမှာပဲ"
"ဟုတ်ကဲ့၊ အဲဒါတော့ ကျွန်တော်လဲ သဘောပေါက်ပါတယ်" ကျွန်တော်တို့ မိတ်ဆွေကဆိုသည်။ "ဒါပေမဲ့ ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေထောင်ချီပြီး ရှိနေမှာပေါ့ဗျာ၊ အဲဒီကောင်တွေအကုန်လုံး ခင်ဗျား ဘယ်လိုလိုက်ကောက်မလဲ၊ တစ်ယောက်တည်း မနိုင်နိုင်ဘူးလေဗျာ၊ ပြီးတော့ စဉ်းစားကြည့်၊ ဒီကမ်းရိုးတန်း တစ်လျှောက်လုံးဆိုရင် ခုလို သဲသောင်ပြင်ပေါင်း ရာချီရှိနေမှာပေါ့၊ ဒီသောင်စပ်တိုင်းမှာရှိပေမဲ့ ကြယ်ငါးတွေ ဘယ်လိုလုပ်မလဲ၊ သူ့သဘာဝနဲ့သူဖြစ်နေတာ ခင်ဗျားတစ်ယောက်ကြောင့် ဘာတွေထူးထူးခြားခြား ပြောင်း လဲသွားနိုင်မလဲ"
ဒေသခံပုဂ္ဂိုလ်ကပြုံးသည်။ နောက်ထပ်ကြယ်ငါးတစ်ကောင် ကောက်တယ်။ ထို့နောက် "တခြားကောင် တွေအတွက်မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက်တော့ ထူးခြားသွားတာပေါ့ဗျာ" ဟုဆိုကာ ပင်လယ်ရေထဲ လှမ်းပြစ်လိုက်လေသည်။

[မူရင်း။ ။ Jack Canfield နှင့် Mark V.Hansen တို့၏ One At A Time]

ကဗျာ

ကဗျာ



အတွေးအခေါ်ကောင်းတဲ့ပဉ္စလက်မာန (သို့ )တလွဲဆံပင်ကောင်း

စကားလုံးတွေဖောင်းကြွနေတဲ့ ပိုစ့်မော်ဒန်ခောတ်ကြီးထဲမှာ
ငါဟာ အပုတ်နံ့ လှိုင်လှိုင်သင်းနေတဲ့ ၀ါကျတကြောင်းအဖြစ်မခံနိုင်ဘူး
ဟုတ်တယ် .. သာဂိရေ ... ငါဆုံးဖြတ်ချက်ချလိုက်ပြီ
ခန္ဓာကိုယ်ဖုဖောင်းသေသပ်တဲ့(သို့ )ကိုယ်လုံးတစ်တစ်အစ်အစ်နဲ့ 
အပျိုကြီး/အပျိုကြီးစရင်းဝင်တော့မယ့် မိန်းမတယောက်ဆီက
ကွာကျလာမယ့် စကားလုံးမည်းမည်းတွေကို ငါနှစ်ခြိုက်မိမှာအမှန်ပဲ
အဲလိုဆိုရင် ငါရေးခဲ့ဖူးတဲ့ ကဗျာတွေကိုဇောက်ထိုးသာဖတ်ပါတော့ကွာ ။

ဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့နာမ၀ိသေသနာတွေက
ငါ့ခေါင်းရင်းမှာလာလာပြီးငုတ်တုတ်ထိုင်ရင်
စားခါနီးထမင်းပန်းကန်ကိုစိုက်ကြည့်ပြီးသိပ်စိတ်ပျက်တယ်
မိုက်မဲတဲ့ လူတချို့ က ကောင်းကင်ကြီးကိုမော့မော့ကြည့်ပြီး
ကြွေကြလာတဲ့ ကြယ်ဖြူတွေကို အမွှန်းတင်ကြတယ်
အမှန်တကယ် ငါအဲလိုမဖြစ်စေချင်ဘူး ။

ကိုယ်တိုင်ရှင်သန်လို့ ရပါလျှက်နဲ့ 
တပါးသူရေလောင်းပေါင်းသင်မှရှင်သန်ပွင့်လန်းရမယ့်ပန်း
ဘယ်လောက်ပဲထိပ်ဖျားရောက်နေပါစေ ငါမစွတ်ဘူး/ငါမညွှတ်တွားဘူး
ငါလဲ နားနားပြီးပြောတာပဲ သာဂိရာ...မောတယ်ကွာ
ဗျာပါဒများတဲ့လောက စိုးရွံမှုတွေနဲ့ 
စားကျက်ရှာနေကြတာလဲမင်းကိုယ်တွေ့ ပဲမဟုတ်လား ။

ကြုံတုန်းဆုံတုန်းလေးပြောရအုံးမယ် ... သာဂိရေ
အထက်တန်းကျတဲ့ မာနတွေက ငါတို့ ရွာမှာ တပုံတပင်ရှိတယ်
ကွမ်းတံတွေးမထွေးရဆိုတဲ့ ဆိုင်းဘုတ်နားမှာ ကွမ်းယာဆိုင်ရှိတယ်
မျဉ်းကျားမှလမ်းကူးပါဆိုတဲ့သတိပေးချက်နေရာတွေမှာယာဉ်ထိန်းရဲရှိတယ်
လမ်းသွားရင်းဆေးလိပ်မသောက်ရမယ့်နေရာတွေမှာ
လမ်းလျှောက်ပြီးဆေးလိပ်လိုက်ရောင်းတယ်
သစ်ပင်မခုတ်ရဆိုင်းဘုတ်ကလဲ ခုတ်ပြီးသားသစ်ငုတ်တိုမှာကပ်ရိုက်ထားတယ်
ဤနေရာတွင်အမှိုက်မပုံရစာတန်းလေးခမျာ အမှိုက်ပုံထဲမှာအသက်ရှုကြပ်လို့ တဲ့
အဆိုးဆုံးက နေပူပူသစ်ရိပ်အောက်က ရေချမ်းစဉ်လေးမှာ
သောက်ရေခွက်ကလေးကို လက်ထိတ်ခတ်ထားတဲ့ ကိစ္စပဲ ။

ပြောရစတမ်းဆိုရင် ခေတ်ကြီးကိုက နရီစည်းချက်ကျကျ နဲ့ 
မော်ဒယ်လ်မလေးတွေ အဆုပ်လိုက်အခိုင်လိုက်အလေ့ကျပေါက်တဲ့ခေတ်လေ
မင်းပဲ ပေါင်တံစင်းစင်းလေးတွေနဲ့ ဗိုက်သားဖြူဖြူလေးတွေပေါ်မှာ
တဗြုံတခေါင်းအတွေးတွေနဲ့ ကွန့် မြူးဖြန့် ကျက်ခဲ့ဖူးသေးတယ်မလား
အ၀ိဇ္ဇာ ၊ တဏှာ ၊ ရာဂ တွေဆိုတာ့ မြင်မကောင်းအောင်လမ်းဘေးပုံရောင်းတဲ့ 
လေဘေးအထည်တွေလိုမျိုး
ထောင်းနမောင်းထ,အောင်ကျော်ကြားတယ်ကွာ ။

ငါတို့ ကျောင်းရဲ့ စာသင်ခန်းဟာတိုးကြိတ်စရာမလိုအောင်
အသံတွေမဲ့နေတယ်
ခေတ်ပေါ်ဂီတတွေနဲ့ ဆူညံ့နေတဲ့အခန်းကိုတော့
ငါတို့ နိုက်ကလပ်လို့ အမည်နာမမှည့်ဆိုတယ်
အဲဒီမှာ......
အင်္ဂလိပ်စာလုံးပေါင်းအမယ်စုံအရောင်သွေးစုံ အရောင်းအ၀ယ်ဖြစ်တယ်
ဥပမာ (AIDS , ABC , CONDOM ,HIV, TIGER .. ect)
မင်းအတွက်အပျင်းပြေ US parlor တွေမှာ
မာနမကြီးတတ်တဲ့မိန်းမချောလေးတွေလဲရှိတယ်
ညောင်းရင်နိုပ်နယ်ပေးတတ်တယ်
ဖောင်းရင်တည်းခိုခန်းထဲထိလိုက်ပို့ ပေးတတ်သေးတယ် ။

တော်ပြီသာဂိရေ...
ငါ့စကားလုံးတွေက ရင်သားပေါ်တဲ့ ထိလည်ပင်းဟိုက်ကုန်ပြီ
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတဲ့ ကိစ္စ ဘ၀မှာတော့အနာဆုံးပဲကွာ
ငါအိမ်မက် မမက်တတ်သေးခင်ကတည်းကရှိခဲ့ဖူးတဲ့မာန
ကာလာစုံတဲ့ လူတွေကြားမှာပဲ ကျပြောက်ခဲ့တယ်
အခုချိန်မှာမှမျက်ပြူးဆန်ပြာနဲ့ အနာတရတွေမဖြစ်ချင်တော့ဘူး
တကိုယ်ကောင်းဆန်နိုင်သမျှဆန်ရင်း
အကောင်းဆုံးအတ္တတွေအရေခြုံလို့ 
ငါဟာနောက်လာမယ့်အချိန်နာရီတွေအတွက်
အဘိဇ္ဇာတွေဆက်လက်ပွားများနေလိုက်အုံးမယ် ။

မိုးသူ(တောင်ကြီး)
29 June 2012 /Friday
01:36/PM
facebook မှကူးယူဖော်ပြသည်။

နည်းပညာများ

နည်းပညာများ


Blogger လူသစ်များအတွက် မသိမဖြစ် Blog အသုံးပြုနည်းများ

10 Aug 12, 06:14 PM
ကတုံး: အစ်ကိုရယ် ဒီနေ၇ာမှာမိမိညွန်းချင်တဲ့ URL လင့်ကိုထည့်ပါ ဘာကိုပြောတာလဲ ရှင်းပြပေးပါလားကေူးဇူးပြုပြီး
10 Aug 12, 04:55 PM
မောင်စိုး: အစ်ကိုရေ ကျွန်တော်ဘလော့မှာ တင်ပြီးသမျှပိုစ်.လိုပေါ်ခြင်းတယ် ကူညီပေးပါနော်
21 Aug 12, 08:15 PM
မောင်ဇော်: အစ်ကို ကျေးဇူးပြု၍ ရှင်းပြပါရန် မေတ္တာရပ်ခံပါတယ် အခုဖြစ်နေတဲ့  ဘလော့ ပြဿနာပါ.. ဒီလိုပါ အစ်ကို Showing posts with label ကဗျာများ. Show all posts မပေါ်ဘူးဖြစ်နေတယ် .. နိုပ်လိုက်ရင် ဒီအတိုင်းပဲ အောက်မှ
21 Aug 12, 08:17 PM
မောင်ဇော်: ရေးထားတဲ့ ကဗျာများ ပေါ်မလာတော့ဘူး .. ရှင်းပြပေးပါရန် မေတ္တာရပ်ခံပါသည် ။
22 Aug 12, 09:11 AM
လွင်မင်းဗိုလ်: ကိုမောင်ဇော်ရေ.. Design >> Blog Posts >> Edit ကနေသွားပြီး ပေါ်လာတဲ့ဘောက်စ်ထဲမှာ အမှန်ခြစ်လေးတွေကို တခုချင်းစီဖြုတ်၊ တပ်လုပ်ပြီးစမ်းကြည့်ပါဗျာ.. စိတ်ကြိုက်ဖြစ်ရင် Save လိုက်ပါ.. မစမ်းခင်အရင်ဆုံး မူရင်းအတိုင်းကို ဓါတ်ပုံရိုက်ယူထားလိုက်ပါ.. အမှာ�
22 Aug 12, 09:12 AM
လွင်မင်းဗိုလ်: အမှားဖြစ်ခဲ့ရင်ဓါတ်ပုံထဲကအတိုင်းပြန်ပြင်လို့ရအောင်လို့ပါ..
22 Aug 12, 12:29 PM
မောင်ဇော်: ဘာကို ဖြုတ်ရမှာလဲ အစ်ကိုရေ..  ဘယ်လိုမှ နားမလည်ဘူး ..ရှင်းပြပါနော် ..စောင့်မျော်နေလျှက်
ဒီပိုစ့်ကို Blogger လူသစ်များအတွက် မသိမဖြစ် Blog အသုံးပြုနည်းများလို့ ခေါင်းစဉ်တပ်လိုက်တာ အရမ်းများ လွန်သွားမလား မသိဘူး..။ တကယ်တော့ ကျနော်ဆိုလိုချင်တာ၊ ကျနော်ရေးသားထားတဲ့ ဘလော့နည်းလမ်းလေးတွေက လက်ရှိကျနော်အသုံးပြုနေတဲ့ ကျနော့်ဘလော့ထဲက နေ့စဉ်အသုံးဝင်နေတဲ့ နည်းလမ်းလေးတွေကို တစိတ်တပိုင်း စုစည်းတင်ပြထားခြင်းသာ ဖြစ်ပါတယ်.. စာဖတ်ယုံနဲ့ နားမလည်နိုင်ကြတဲ့ တချို့ Blogger လူသစ်များအတွက်ကို အဓိက ရည်ရွယ်ရေးသားထား ခြင်းသာဖြစ်ပါတယ်..။ ဒါကြောင့် အတတ်နိုင်ဆုံး ပုံလေးတွေနဲ့ ကြည့်ရအဆင်ပြေအောင်၊ နားလည်လွယ်အောင် ရှင်းပြပေးထားတာပါ..။ ပါဝင်တဲ့ လုပ်နည်းလေးတွေကတော့
၁။ မိမိတို့ရဲ့ Blog မှ Template ကို Download/Restore နဲ့ Recovery လုပ်နည်း..
၂။ မိမိတို့ရဲ့ Blog မှ ပိုစ့်အားလုံးကို Download/Restore နဲ့ Recovery လုပ်နည်း..
၃။ မိမိတို့ရဲ့ Blog မှာ တင်ပြီးသမျှပိုစ့်များ လို့ပေါ်ချင်တဲ့သူများအတွက်..
၎။ Blog Post များရဲ့ အောက်ခြေမှာ လိုအပ်တာလေးတွေ ပြင်ဆင်ဖြည့်စွက်ချင်တယ်ဆိုရင်..
၅။ Post တပုဒ်မတင်ခင် ပြင်ဆင်ရမည့် အချက်များ.. Labels (Categories) များအသုံးပြုတတ်အောင်..
၆။ Blog စာမျက်နှာမှာ Labels (Categories) ပေါ်အောင် လုပ်နည်း..
၇။ Post တပုဒ်တင်တဲ့အခါ မိမိညွှန်းချင်တဲ့ လင့်ကို မြုပ်တတ်အောင်၊ သပ်ရပ်တဲ့ Post တပုဒ်ဖန်တီးခြင်း  (Webpage လိပ်စာနဲ့ Download လင့်တွေ ဘယ်လိုမြုပ်မလဲ)
၈။ Blog Sidebar မှာ Download လင့်မြုပ်ပြီး Animation အရုပ်လေး လှုပ်ရှားနေအောင် လုပ်နည်း
အရင်တုန်းက တချို့ဘလော့ဂါလူသစ်တွေ မေးထားတဲ့ မေးခွန်းလေးတွေကိုတော့ ပြန်ရှာ မရတော့လို့ ထည့်မပြတော့ပါဘူး.. သိပ်မကြာခင်က မေးခွန်းလေးတွေကိုတော့ ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..။ အပေါ်ဆုံးက အစိမ်းရောင် စာကြောင်းလေးတွေ အတိုင်းပါပဲ.. ဘလော့နဲ့ ပါတ်သက်လို့ တခြားလိုအပ်မယ် ထင်တာလေးတွေနဲ့၊ နာမည်ကြီး မြန်မာနည်းပညာ ဆိုဒ်တွေမှာ ခဏခဏမေးမေးနေကြတဲ့ blog sidebar မှာ  ဇော်ဂျီရုပ်လေး လည်နေပြီး အောက်မှာ ဇော်ဂျီဖေါင့် ဒေါင်းလော့လင့်ကို ဘယ်လိုမြုပ်ရလဲ ဆိုတာပါ လုပ်ပုံလုပ်နည်းကို ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..။ လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..

ဒီပိုစ့်ကို ကျနော် PDF ဖိုင်နဲ့ ထုတ်ပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3 MB ရှိပါတယ်..

Minus
Mediafire

၁။ မိမိတို့ရဲ့ Blog မှ Template ကို Download/Restore နဲ့ Recovery လုပ်နည်း..


Blogger တွေဟာ မိမိတို့ ဘလော့ရဲ့ Template ကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လက်ရှိအသုံးပြုနေတဲ့ စိတ်ကြိုက်ဖြစ်နေတဲ့ အချိန်မျိုးမှာ  မိမိတို့ ဘလော့ရဲ့ Template ကို ဒေါင်းလော့ချပြီး သေချာတဲ့ နေရာတွေမှာ ဖိုင်တွေခွဲပြီး သိမ်းထားသင့်ပါတယ်..။ Blog ရဲ့ HTML တွေကို ပြုပြင်တဲ့ အခါမျိုးတွေမှာ ဒီလိုလုပ်ထားဖို့ ပိုအရေးကြီးပါတယ်..။ HTML တွေမှားထည့်မိလို့ပဲဖြစ်ဖြစ်၊ Read more button လိုမျိုး တစုံတခု ပြုပြင်လိုရင်ပဲ ဖြစ်ဖြစ် မလုပ်ခင် အရင်ဆုံး Blog ရဲ့ Template ကို အရင် ဒေါင်းယူပြီး သိမ်းထားရမှာပါ..။ ပြီးမှ စိတ်ကြိုက်လုပ်ပါ..။ HTML ကုဒ်တွေ မှားချင်သလောက်မှား၊ မလုပ်ခင် အရင်သိမ်းထားခဲ့တဲ့ ဒီ Template လေးကို Upload တင်ပြီး Restore ပြန်လုပ်ပေးရင် အရင်အတိုင်း Blog ကို အကောင်းပြန်ရမှာပါ..။ လုပ်နည်းကလည်း လွယ်ပါတယ်..။ အောက်ကပုံလေးတွေအတိုင်း လုပ်ပေးလိုက်ရင် ရပါပြီ..
Design >> Edit HTML ကနေသွားလိုက်ပါ..။ အောက်ကပုံလေးတွေ အတိုင်း ကြည့်ပြီး လုပ်ပေးလိုက်ပါ..



အပေါ်ပုံအတိုင်း Blog Template ကို ဒေါင်းယူသိမ်းထားပြီးရင် အဲဒီဖိုင်လေးကို သေချာမှတ်ထားဖို့ လိုပါတယ်..။ ဒီအခန်းမှာ Google Chrome Browser နဲ့ ဒေါင်းယူပြထားတာပါ..။ နောက်တခန်းမှာတော့ Mozilla Firefox Browser နဲ့ လုပ်ပြထားပါတယ်..။ Template ကို Restore ပြန်လုပ်တဲ့ အခါမှာတော့ အောက်ကပုံအတိုင်း Design >> Edit HTML ကနေ သွားပြီး အောက်ပုံလေးအတိုင်း လုပ်ပေးလိုက်ရင် Template ကို Restore လုပ်ပြီးသား ဖြစ်ပါပြီ..

------------------------------------------------------------------------------------------------------

၂။ မိမိတို့ရဲ့ Blog မှ ပိုစ့်အားလုံးကို Download/Restore နဲ့ Recovery လုပ်နည်း..
ဒီတခုကတော့ ပိုအရေးကြီးတဲ့ အပိုင်းပါ..။ မိမိတို့ရဲ့ Blog အဟတ်ခံရတဲ့ အခါ၊ ဒါမှမဟုတ် တစုံတခု ပြုပြင်လိုက်လို့ ပျက်သွားတဲ့ အခါမျိုးတွေမှာ.. မိမိတို့ရဲ့ Blog မှာ လက်ရှိတင်ထားတဲ့ ပိုစ့်တွေအားလုံးကို ဒေါင်းလော့ချပြီး သိမ်းထားဖို့ပါ..။ ပိုစ့်တွေဆိုပေမယ့် တကယ်တမ်း ဒေါင်းလော့ချတဲ့ အခါမှာတော့ ဘလော့စာမျက်နှာမှာ မြင်ရသလို စာတွေ၊ပုံတွေ ပါလာတာမဟုတ်ပါဘူး..။ XML Document ဖိုင်လေးနဲ့ ရလာတာပါ..။ အဲဒီဖိုင်လေးကို ဖွင့်ကြည့်ရင်လည်း ဘာမှ နားလည်မှာမဟုတ်ပါဘူး..။ ကျနော့် Blog မှာ တင်ထားတဲ့ ပိုစ့်အားလုံး ၂၀၀ ကျော်ကို XML Document နဲ့ သိမ်းလိုက်တာ ဖိုင်ဆိုဒ်က 2 MB ကျော်လေးပဲ ရှိပါတယ်..။ ဘလော့မှာ ပြန်တင်လိုက်တဲ့ အခါမှာတော့ ပိုစ့် ၂၀၀ ကျော်ထွက်လာပါတယ်..။ ပုံတွေရော၊ စာတွေရော ၊ ဒေါင်းလော့လင့်တွေရော အားလုံးပါပါတယ်..။ Read More နဲ့ Sidebar က ဟာတွေပဲ မပါတာပါ..။ ပိုစ့်အပြည့် ရပါတယ်..။ ဒါကြောင့် မိမိတို့ရဲ့ ဘလော့မှာ ပိုစ့်တွေများလာတဲ့ အခါ တလ တခါလောက် ဒီနည်းနဲ့ XML Document ဖိုင်ကို ဒေါင်းလော့ချပြီး သိမ်းထားသင့်ပါတယ်..။ လုပ်နည်းကတော့ အောက်ပုံလေးတွေ အတိုင်းပါပဲ..
အရင်ဆုံး Setting >> Export blog ကနေသွားပြီး အောက်ကပုံလေးတွေ အတိုင်း လုပ်ပေးလိုက်ရင် ရပါပြီ..။ ဒီအခန်းမှာတော့ Mozilla Firefox Browser နဲ့ လုပ်ပြထားပါတယ်..။ Browser ၂မျိုးကို အသုံးပြုတတ်အောင်လို့ပါ..။



Save File နဲ့ သိမ်းပြီး အဆင့်ဆင့် အောက်ကပုံလိုမျိုး ဖိုဒါတခုဖွင့်ပြီး မှတ်မိလွယ်တဲ့ နာမည်ပေးထားလိုက်ပါ..။ အဲဒီဖိုဒါထဲမှာ ဒီဖိုင်လေးကို သိမ်းထားလိုက်ပါတယ်..

ပိုစ့်တွေကို စုသိမ်းထားတဲ့ ဒီ XML Document ဖိုင်ကို Restore ပြန်လုပ်ရင်တော့ အောက်ကပုံအတိုင်း Setting >> Import blog ကနေသွားပြီး လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။

အောက်ကပုံမှာ နံပါတ်တွေနဲ့ အက္ခရာတွေကို ကြည့်ရ ရှင်းလိမ့်မယ်လို့ ထင်ပါတယ်..။ နံပါတ်က နံပါတ်အတိုင်း၊ အက္ခရာက အက္ခရာအတိုင်း ခွဲကြည့်ပါ.. 

------------------------------------------------------------------------------------------------------

၃။ မိမိတို့ရဲ့ Blog မှာ တင်ပြီးသမျှပိုစ့်များလို့ ပေါ်ချင်တဲ့သူများအတွက်..

ဒီအခန်းကို မေးထားတဲ့လူရှိလို့ ထည့်ပေးလိုက်တာပါ..။ ဘယ်လိုလုပ်ရလဲဆိုတာ အောက်မှာ ဆက်ကြည့်ပါဗျာ.. Add a Gadget ကနေသွားလိုက်ပါ.. Blog Archive ကိုရှာပြီးကလစ်ပါ..



ကျနော့် ဘလော့မှာ အပေါ်ကပုံအတိုင်း ပြင်ထားပါတယ်..။ အပေါ်ပုံမှာ အစက်ကလေးတွေနဲ့ အမှန်ခြစ်နေရာတွေမှာ မိမိတို့ စိတ်ကြိုက် ပြုပြင်လို့ ရပါတယ်..။ ဒီပုံကတော့ ကျနော့်ဘလော့မှာ ယူထားတဲ့ အတိုင်းပြပေးလိုက်တာပါ..။ အောက်ကပုံအတိုင်း မိမိတို့ ထားချင်တဲ့ နေရာမျာ ရွှေ့ထားလိုက်ပြီး Save ပေးလိုက်ရင်တော့ ဘလော့စာမျက်နှာမှာ ညာဘက်အခြမ်းကလို ပေါ်နေပါပြီ..

 ----------------------------------------------------------------------------------------------------

၎။ Blog Post များရဲ့ အောက်ခြေမှာ လိုအပ်တာလေးတွေ ပြင်ဆင်ဖြည့်စွက်ချင်တယ်ဆိုရင်..

ဒီတခုကလည်း အပေါ်မှာ ဖေါ်ပြထားသလို ကိုမောင်ဇော်မေးထားတဲ့ မေးခွန်းလေးနဲ့ တိုက်ဆိုင်မယ်ထင်ပါတယ်..။ ကိုမောင်ဇော်မေးတာ သိပ်မရှင်းလို့ ဒီအတိုင်းပဲ ဖေါ်ပြပေးလိုက်တာပါ.. ဒီပုံကတော့ ကျနော့်ဘလော့ပိုစ့်ရဲ့ Edit နေရာမှာ ပြင်ထားတဲ့ အတိုင်းလေးပါ..။ ဒီလို အပြောင်းအလဲ လေးတွေ မလုပ်ခင် အရင်ဆုံး Blog Post ရဲ့ အနေအထားကို ဓါတ်ပုံရိုက်ယူထားလိုက်ပါ..။ ပြီးမှ ပြင်ပါ..။ အမှားဖြစ်ခဲ့ရင် ပုံလေးကို ကြည့်ပြီး ပြန်ပြင်လို့ အဆင်ပြေပါတယ်..။ 



ဘလော့စာမျက်နှာမှာတော့ အောက်ကပုံအတိုင်း ပေါ်နေပါပြီ..။


-------------------------------------------------------------------------------------------------------

၅။ Post တပုဒ်မတင်ခင် ပြင်ဆင်ရမည့် အချက်များ.. Labels (Categories) များအသုံးပြုတတ်အောင်..
ဒီနေရာမှာတော့ ပိုစ့်တခုတင်တော့မယ်ဆိုရင် သိထားဖို့ လိုအပ်တာလေးတွေပါ..။ ပုံမှာပြထားတဲ့ အတိုင်းပါပဲ..။ Labels နေရာမှာ ရွေးပြီး နာမည်ပေးခြင်းဖြင့် ပိုစ့်တွေကို လေဘယ်ခွဲပြီးသား ဖြစ်သွားပါလိမ့်မယ်..။ လေဘယ်ကနေ သူ့နေရာနဲ့သူ ပို့ပေးလိုက်တာပါ.. တချို့ကလည်း ဘလော့စာမျက်နှာမှာ Label လို့ မပေါ်စေပဲ.. Categories လို့ နာမည်ပြောင်းပေးထားကြပါတယ်..။ 

------------------------------------------------------------------------------------------------------

၆။ Blog စာမျက်နှာမှာ Labels (Categories) ပေါ်အောင် လုပ်နည်း..

တချို့က ပိုစ့်တွေများလာမှ Labels တွေကို ပြန်ခွဲချင်တော့ အလုပ်ရှုပ်ရပြန်ပါတယ်..။ အဲလိုလုပ်ချင်တဲ့ သူများအတွက် အောက်ကပုံလေးအတိုင်း အရင် လေဘယ်တွေကို ပြန်ခွဲလိုက်ပါ.. ဘယ်နေရာကနေ သွားသွားရပါတယ်..။ Edit Posts ကိုရှာပြီး ဝင်လိုက်ပါ..။



ပိုစ့်တွေတခုချင်းစီကို အနီရောင်နဲ့ ဘောင်ခတ်ပြထားတဲ့ Edit နေရာကနေ လေဘယ်ပြန်ခွဲထုတ်လို့ ရပါတယ်..။ (အပေါ်ပုံ..) အောက်ကပုံကတော့ လေဘယ်တွေကို ဘလော့စာမျက်နှာမှာ ပေါ်အောင်လုပ်ဖို့ပါ..။ Add a Gadget ကနေသွားပြီး Labels နေရာကို ကလစ်ပါ..။ 

အောက်ကပုံမှာ ကျနော်ပြုပြင်ထားတဲ့ အတိုင်းလေးပါ..။ Title နေရာမှာ Categories လို့ ရေးလိုက်ပါတယ်.. ကျနော့်ဘလော့စာမျက်နှာမှာ အဲဒီစာသားလေးနဲ့ ပေါ်နေပါပြီ..။ အောက်မှာ ဆက်ကြည့်ပါဗျာ..



-------------------------------------------------------------------------------------------------------

၇။ Post တပုဒ်တင်တဲ့အခါ မိမိညွှန်းချင်တဲ့ လင့်ကို မြုပ်တတ်အောင်၊ သပ်ရပ်တဲ့ Post တပုဒ်ဖန်တီးခြင်း  (Webpage လိပ်စာနဲ့ Download လင့်တွေ ဘယ်လိုမြုပ်မလဲ)

ပိုစ့်တပုဒ်မတင်ခင် အရင် ပြင်ဆင် ပြောင်းလဲပေးရတာလေးတွေပါ.. အောက်ကပုံလေး အတိုင်း ပြထားပြီး ကျနော်ပိုစ့်တခု ဖြစ်အောင် လုပ်ပြထားပါတယ်..။ နောက်ပြီး ဒေါင်းလော့လင့်တွေ၊ Webpage လင့်တွေကို မမြုပ်တတ်သေးတဲ့ ဘလော့ကာ လူသစ်တန်းတွေ အတွက်၊ စာဖတ်ယုံနဲ့ အဲဒီအဆင့်တွေကို နားမလည်နိုင်ကြတဲ့ သူများအတွက် တဆင့်ချင်းစီကို ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်..။ ဆက်ကြည့်ပါဗျာ..

အပေါ်ပုံမှာ ပြထားတဲ့ အတိုင်း ပုံထည့်ရန် လို့ပြထားတဲ့ နေရာကိုကလစ်ပြီး မိမိတို့စက်ထဲမှာ ရှိတဲ့ မိမိတို့ တင်ချင်တဲ့ ပုံကို အောက်ကပုံအတိုင်း တင်ပေးလိုက်ယုံပါပဲ..




ပုံကို အကြီးအသေး ကြိုက်သလို ပြုပြင်ဖို့ အပေါ်ပုံအတိုင်း လုပ်ပေးလိုက်ရင် ရပါပြီ...။ အောက်ပုံမှာ စာရေးပြီးတဲ့ အခါ စာကြောင်းတွေကို ညီညီညာညာလေး ဖြစ်နေဖို့ စာကြောင်းအားလုံးကို Select ပေးပြီး စာများစီရန် ဆိုတဲ့နေရာကို ကလစ်ပါတယ်..။ အဲထဲက အောက်ဆုံးမှာပေါ်တဲ့ မျဉ်းကြောင်းလေးတွေ ညီညာနေတဲ့ နေရာလေးကို တချက်ကလစ်ပါတယ်..။ ဒါဆို စာကြောင်းတွေ ညီညာသွားပါပြီ..။ (မိမိတို့ ပြုပြင်ချင်တဲ့ စာကြောင်းလေးတွေကို လိုသလောက် မောက်စ်မျှားနဲ့ ဖိဆွဲပြီး၊ စာကြောင်းတွေအားလုံး အပြာရောင် အောက်ကို ရောက်သွားရင် စလက်ပေးတယ်လို့ ခေါ်ပါတယ်.. အဲ့လိုဖြစ်သွားရင် စာကြောင်းတွေကို မိမိတို့ စိတ်ကြိုက် လုပ်လို့ ရပါပြီ..။)


အောက်ကပုံကတော့ လင့်မြုပ်တတ်အောင် ပြထားတဲ့ပုံလေးပါ..။ IDM 6.12 beta built 3 ပိုစ့်မှာ IDM ကို ဖူးဖြစ်အောင် ရှင်းပြထားတာ ဖြစ်တဲ့အတွက် အဲဒီပိုစ့်ကို ဒီပိုစ့်ကနေ ပြန်သွားလို့ ရအောင်၊ အဲဒီပိုစ့်ရဲ့ လင့်လေးကို ပြန်ညွှန်းပေးလိုက်တာပါ..။ မိမိညွှန်းချင်တဲ့ လင့်ကိုထည့်ပါ ဆိုတာ ဘယ်လိုလုပ်ရမလဲလို့ မေးတဲ့သူများ ဒီနေရာမှာ သေချာကြည့်ပေးပါ..။ မိမိညွှန်းချင်တဲ့ နောက်ထပ် Webpage တခုကို ရောက်အောင် အောက်ကပုံအတိုင်း စာသားနေရာမှာ စလက်ပေးပြီး Link နေရာကို တချက်ကလစ်ပါတယ်..။ 
ဒီအောက်ကပုံအတိုင်း ပေါ်လာပါပြီ..


အောက်ကပုံအတိုင်း ကျနော်ပြန်ညွှန်းချင်တဲ့ IDM 6.12 built 3 ပိုစ့်ကို ဖွင့်လိုက်ပါတယ်..။ Address Bar နေရာက လင့်လေးကို စလက်ပေးပြီး Right Click နဲ့ copy ယူလိုက်ပါတယ်..။ ကျနော့်ဆိုဒ်မှာ အမြဲလာကြည့်နေတဲ့ သူငယ်ချင်းများကတော့ Right Click ကို R/C လို့ ပုံတွေမှာ အတိုခေါက် ရေးလေ့ရေးထ ရှိတယ်ဆိုတာ သိပြီးသားမို့ ရှင်းပြဖို့ မလိုလောက်ဖူး ထင်ပါတယ်..။ 

copy ယူလာတဲ့ လင့်လေးကို အောက်ကပုံအတိုင်း Web address နေရာမှာ paste နဲ့ ထည့်လိုက်ပါတယ်..။ ပြီးရင် ok ပေးလိုက်ပါတယ်..။


IDM 6.12 built 3 နေရာမှာတော့ လင့်အရှင်လေးဖြစ်သွားပါပြီ..။ ကလစ်ကြည့်လိုက်ရင် နောက်စာမျက်နှာ တခုကို ရောက်သွားပါလိမ့်မယ်..။ ပြီးရင်တော့ စာမျက်နှာခေါက်တာဖြစ်တဲ့ Read More ကို ထည့်ပါတယ်..။ ဒေါင်းလော့လင့်ကိုလည်း ဒီနည်းအတိုင်းပဲ ထည့်တာပါပဲ..။



Minus မှာတင်ထားတဲ့ ဖိုင်ရဲ့ ဒေါင်းလော့လင့်ကို copy ယူပြီး အပေါ်နည်းအတိုင်း ထည့်ပေးလိုက်ပါတယ်..။




ပိုစ့်တခု အားလုံးပြင်ဆင်ပြီးသွားရင်တော့ PUBLISH POST စာသားနေရာကို တချက်ကလစ်လိုက်ရင် ဘလော့စာမျက်နှာမှာ အောက်ကပုံအတိုင်း ပေါ်နေပါပြီ..။


-------------------------------------------------------------------------------------------------------

၈။ Blog Side Bar မှာ Download လင့်မြုပ်ပြီး Animation အရုပ်လေး လှုပ်ရှားနေအောင် လုပ်နည်း

ဒီတနည်းကတော့ အမေးများတဲ့ မေးခွန်းလေးလို့ ထင်ပါတယ်..။ ကျနော့်ဆီမှာ သူငယ်ချင်း တယောက်တော့မေးဖူးပါတယ်..။ ဒါပေမယ့် အရင်တုန်းက နာမည်ကြီးဘလော့တွေမှာ ခဏခဏ တွေ့ရတဲ့ မေးခွန်းလးတခုပါ..။ ကျနော်ဒီပိုစ့်မှာ တခါတည်း ဒီနည်းလေးကိုပါ ထည့်ပေးလိုက်ပါတယ်.. မလုပ်တတ်သေးတဲ့ ဘလော့ဂါများအတွက်ပါ..။




လုပ်ရတာတော့ မခက်ပါဘူး..။ မသိခင်တုန်းကတော့ တော်တော်ကြာပါတယ်..။ Google မှာလိုက်ရှာရတာ အချိန်အများကြီး ပေးရပါတယ်..။ အခုတော့လည်း လွယ်မှလွယ်ပဲ..။ Animation လေးတွေကို မိမိတို့ ဖာသာဖန်းတီး ရမှာပါ..။ Photoshop နဲ့ပဲ ဖြစ်ဖြစ်၊ တခြား Animation ဆော့ဖ်ဝဲတွေနဲ့ပဲ ဖြစ်ဖြစ် ဖန်တီးလို့ ရပါတယ်..။ မိမိတို့ ဖန်တီးလိုက်တဲ့ Animation လေးက ဖိုင်ဆိုဒ်သေးရပါမယ်..။ အရမ်းကြီးနေရင် Web ပေါ်တင်လို့ အဆင်မပြေနိုင်ပါဘူး.. ဒါပေမယ့် GIF Resizer လေးနဲ့ ပြန်ချုံ့လိုက်လို့ အဆင်ပြေနိုင်ပါတယ်..။ အဲဒီကောင်လေးကို လိုအပ်တဲ့သူများအတွက် ကျနော်တင်ပေးလိုက်ပါတယ်..။ အောက်မှာ ယူလိုက်ပါဗျာ.. ကျနော် Animation လုပ်တာကို ရေးမှာမဟုတ်ပါဘူး..။ Animation ဖိုင်ကို ဘယ်လိုတင်ရမလဲဆိုတာကိုပဲ ရေးပေးသွားမှာပါ..။ မိမိတို့ ဖန်တီလိုက်တဲ့ Animation လေးကို Blog မှာဒီတိုင်းတင်လို့ ရပါတယ်..။ ဖိုင်ဆိုဒ်သေးရင်တော့ လှုပ်ရှားနေပါလိမ့်မယ်..။ ဒါပိုစ့်နေရာမှာ တင်တာကို ပြောတာနော်..။ ဆိုဒ်ကြီးရင်တော့ အလုပ်မလုပ်ပါဘူး.. ဒါလည်းတခု သတိပြုရမှာပါ..။ Blog Sidebar မှာဆိုရင်တော့ လုံးဝ မလှုပ်ဘူးဗျာ..။ အကြိမ်ကြိမ်စမ်းတယ်..။ အကြိမ်ကြိမ် ခေါင်းကိုက်ရပါတယ်..။ နောက်တော့ အောက်ကပုံလေးအတိုင်း နေရာပြောင်းပြီး စမ်းသပ်ကြည့်မိပါတယ်..။ အဲလိုနဲ့ Google မှာ ရှာရင်းနဲ့ English ဆိုဒ်အများစုမှာ ဖေါ်ပြထားတဲ့ http://photobucket.com/ မှာ အဆင်ပြေသွားပါတယ်..။ အခုတော့ မသိသေးတဲ့ Blogger များအတွက် လုပ်နည်းကို ပြန်လည်မျှဝေလိုက်ပါတယ်...။ 
GIF Resizer

http://photobucket.com/ မှာ အကေင့်တခု ဖွင့်ပါ..။ ဖရီးအကောင့်ပါ..။ ပြီးရင်တော့ အောက်ကပုံလေးတွေအတိုင်း Animation GIF ဖိုင်ကို Upload တင်ပါ..



အောက်ကပုံအတိုင်း မိမိတို့တင်တဲ့ GIF ဖိုင်ဟာ ဆိုဒ်သေးဖို့ လိုပါတယ်..။


ကျနော်တင်လိုက်တဲ့ Animation လေး ရောက်သွားပါပြီ..။ အောက်ကပုံလေးတွေ  အတိုင်း Direct Link ကို copy ယူလိုက်ပါ..


အောက်ကပုံအတိုင်း Save ပြီး Direct Link ကို album ထဲမှာ သွားယူရင်လည်း ရပါတယ်..။ အဆင်ပြေသလိုလုပ်ပါ..။

ပြီးရင်တော့ မိမိတို့ ဘလော့ရဲ့ Gadget >> Picture ကနေ သွားထည့်ပေးလိုက်ပါ..။



ဟိုဘက်ဆိုဒ်က Animation လေး လှုပ်ရှားနေတဲ့ Direct Link ကို copy ယူပြီး အပေါ်ပုံမှာ ပြထားတဲ့ နေရာမှာ paste နဲ့ ထည့်ပြီး ခဏစောင့်ပေးလိုက်ပါ..။ အောက်ပုံ..



အောက်ကပုံကတော့ မိမိတို့ ထားချင်တဲ့ နေရာကို ရွေ့ပြောင်းပေးလိုက်ပါ...။



ကျနော့်ဘလော့ Sidebar မှာ အရုပ်လေးတွေ လှုပ်ရှားနေပါပြီ..။ ဒီမှာတော့ ပုံကိုပဲ ရိုက်ပြလို့ ရပါတယ်..။ ပုံလည်နေတာကတော့ ကျနော့် ဘလော့ထဲမှာပါ..။

ဒီလောက်ဆိုရင် Blogger လူသစ်များအတွက် အတော်လေး အဆင်ပြေလောက်ပြီလို့ ထင်ပါတယ်ဗျာ..။

Blog မှာ နာရီထည့်ချင်တဲ့ သူများအတွက်

မိမိတို့ရဲ့ ဘလော့မှာ နာရီထည့်နည်းလေးကို သိချင်တဲ့လူရှိလို့ ပြောပြပေးလိုက်ပါတယ်..။ တကယ်တော့ လုပ်နည်းမသိသေးလို့ ခက်နေတာပါ..။ သိသွားရင်ဘာမှ မခက်တော့ပါဘူး..။ အခုဒီနည်းလေးကလည်း နာရီမှ မဟုတ်ပါဘူး.. ဘယ်ဟာကိုပဲဖြစ်ဖြစ်ဒီနည်းနဲ့ ထည့်တာပါပဲ..။ မိမိတို့ရောက်ခဲ့တဲ့ ဘလော့ဆိုဒ်တွေမှာ တွေ့သမျှ လိုချင်တာလေးတွေကို အခုဒီနည်းလေးနဲ့ လုပ်ယူလို့ ရပါတယ်..။ တချို့နေရာတွေက အကောင့်တခုဖွင့်ပေးရတယ်..။ တချို့နေရာတွေက အကောင့်ဖွင့်ဖို့ မလိုဘူး..။ ဒါပဲကွာပါတယ်..။ Cbox မှာတောင်းထားတဲ့ ကိုစောကျော်ဦးနဲ့ အတူ တခြားမသိသေးတဲ့ သူများပါ သုံးတတ်အောင်လို့ ဒီနည်းလေးကို မျှဝေလိုက်ပါတယ်ခင်ဗျာ..
အရင်ဆုံး ကျနော့်ဘလော့ ပေါ်က နာရီပုံပေါ်မှာ မောက်စ်မျှားလေးတင်လိုက်ပါ..။ အောက်ကပုံအတိုင်း  ClockLink နဲ့ လက်ပုံလေးပေါ်လာရင် နှိပ်ပြီး ဝင်သွားလိုက်ပါ..

အောက်ပုံမှာပြထားတဲ့ ဆိုဒ်ကိုရောက်သွားပါလိမ့်မယ်..


အောက်ကပုံမှာတော့ ကျနော်တခုကိုရွေးလိုက်ပါတယ်..



အောက်တဆင့်မှာတော့ သေချာရွေးပေးဖို့ လိုပါတယ်..


HTML ကုဒ်တွေကို copy ကူးနည်းပါ..


copy ယူလာတဲ့ ကုဒ်တွေကို မိမိတို့ရဲ့ ဘလော့ Design ကနေ Add a Gadget , ကိုဖွင့် HTML/javaScript ထဲမှာ Paste နဲ့ ထည့်ပေးလိုက်ပါ..။ အောက်ပုံမှာ ဆက်ကြည့်လိုက်ပါ..




 ဒီအဆင့်ထိရောက်ရင်တော့ မိမိတို့ဖန်တီးလိုက်တဲ့ နာရီလေးကို ကြိုက်တဲ့နေရာမှာ ရွှေ့ထားလို့ ရပါပြီ.. ဆက်ကြည့်လိုက်ပါဗျာ..

ကျနော်ကတော့ ဒီအောက်ကအတိုင်း မောက်စ်နဲ့ ဖိဆွဲပြီး ရွှေ့ထားလိုက်ပါတယ်..


ပြီးရင်တော့ SAVE , View Blog ကိုနှိပ်လိုက်ရင် မိမိတို့ရဲ့ ဘလော့မှာ နာရီလေး ပေါ်လာပါပြီ..


အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ ကျေနပ်ပျော်ရွှင်ကြပါစေခင်ဗျာ..


မှတ်ချက် ။ လွင်မင်းဗိုလ်ဆိုဒ်မှကူးယူဖော်ပြသည်။


ကွန်ပျူတာမြန်ဆန်စေဖို့ အခြေခံကျတဲ့နည်းလမ်းတွေ ကိုတင်ပြပေးလိုက်ပါတယ်။

၁။ ပထမဆုံး

run box ကိုဖွင့်လိုက်ပါ။

-start ကနေသွားလည်းရတယ်။ Windows key နဲ့ R တွဲနှိပ်လည်းရပါတယ်။

-run box မှာ gpedit.msc လို့ရိုက်လိုက်ပါ။

-ဘယ်ဘက်မှာ computer configuration ကိုရွေးလိုက်ပါ။

-Administrative Templates ကိုရွေးပါ။

-Windows Components ကိုရွေးပါ။

-Terminal services ကိုရွေးပါ။

-Temporary folders ကိုဆက်ရွေးပါ။

-Do not delete temp folder upon exit မှာ right click ခေါက်ပြီး properties ကိုရွေးပါ။

-ပြီးရင် disable ကိုရွေးချယ်လိုက်ပါ။

-ပြီးရင် apply ၊ ok လိုက်ပါ


ဒါဆိုရင်တော့ temp files တွေဖျက်လို့ရပါပြီ။

ခုနလိုပဲ run box ပြန်ခေါ်လိုက်ပါ။ ပေါ်လာတဲ့ ဘောင့်စ်မှာ %temp% လိုက်ရိုက်ထည့်လိုက်ပါ။

ပြီးရင် enter ခေါက်လိုက်ပါ။ ဒါဆို temp files တွေပေါ်လာပါပြီ။ delete နဲ့ဖျက်လိုက်ပါ။

တချို့ဖိုင်တွေ အလုပ်လုပ်နေသေးလို့ ဖျက်လို့မဘူးလို့ ပြောပါလိမ့်မယ်။


၂။ နောက်တစ်မျိုး


run box ခေါ်လိုက်ပါ။ prefetch လို့ရိုက်လိုက်ပါ။ ctrl+A နဲ့အားလုံး select ပေးပြီး ဖျက်ပြစ်လိုက်ပါ။

၃။ Hard disk ကိုရှင်းရအောင်



Windows XP မှာ hard disk ကိုရှင်းတဲ့ tool လေးတစ်ခုပါဝင်ပါတယ်။ တကယ်ကိုကောင်းမွန်ပါတယ်။

Start

All Program

Accessories

System tools

Disk cleanup ထိသွားလိုက်ပါ။

ရောက်သွားရင် ကိုယ်ရှင်းချင်တဲ့ drive ကိုရွေးချယ်ပြီးတော့ ရှင်းလို့ရပါပြီ။ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေအားလုံး

ကို ရှင်းလင်းပေးပါလိမ့်မယ်။ မရှင်းတာကြာရင်ကြာသလောက် အချိန်စောင့်ရပါတယ်။ အပြင်ခနသွားတာတို့ ကော်ဖီ

သောက်တာတို့ စသည်အချိန်တွေမှာ ရှင်းထားနိုင်ပါတယ်။ ကျွန်တော်လည်း ဒီလိုပဲ ကော်ဖီသောက်ချိန်ဆိုရင် ရှင်းထား

လိုက်တာပဲ။ အစအနမကျန်အကုန်ရှင်ပေးပါတယ်။

၎။ မသုံးတဲ့ program တွေဖယ်ထုတ်ရအောင်


Start

Run

run box ခေါ်ပြီးရင် msconfig လို့ရိုက်လိုက်ပါ။ System Configuration Utility ဘောင့်စ်ပေါ်လာပါလိမ့်မယ်။

Startup ဆိုတဲ့ tab ကိုရွေးချယ်လိုက်ပါ။ ကိုယ့်အတွက်အသုံးမလိုတော့တဲ့ program တွေရှေ့မှာ အမှန်ခြစ်ထားခဲ့ရင်

uncheck (အမှန်ခြစ်ကိုဖြုတ်)လုပ်ပါ။ ပြီးရင် restart ပြန်ချလိုက်ပါ။


LinkWithin

၅။ ပရိုဂရမ်ရဲ့အမြန်နှုန်းကို မြှင့်တင်ရအောင်

screen အောက်ခြေက taskbar ကို right click ခေါက်ပါ။ ပေါ်လာတဲ့ထဲက Task Manager ကိုရွေးပါ။

process ဆိုတဲ့ tab ကိုထပ်ရွေးပါ။ ကိုယ့်စက်ထဲမှာရှိတဲ့ program တွေ ပေါ်လာပါလိမ့်မယ်။

ကိုယ်မကြာခနသုံးလေ့ရှိတဲ့ program ပေါ်မှာ right click ခေါက် set priority မှာ high ကိုရွေးပေးလိုက်ပါ။


မြန်မာအိုင်တီနန်းတော်မှ ကူးယူဖော်ပြသည်။